ဖားအောက်တောရ သီလရှင်စာသင်တိုက် (လှည်းကူး) ၏ သမိုင်းကြောင်းနှင့်အောင်မြင်မှုများ

တည်ထောင်ခြင်းနှင့် လှူဒါန်းမှုနောက်ခံ

၂၀၂၃ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကလီထော်ကျေးရွာရှိ မြေ (၂) ဧက၊ ပေ (၅၀ x ၁၁၀) လေးထပ်ကျောင်းဆောင်ကြီးနှင့် ပေ (၄၀ x ၆၀) ဆွမ်းချက် (၂) ထပ်ဆောင်ကြီးတို့ကို ဖားအောက်တောရ သီလရှင်စာသင်တိုက်အဖြစ် အသုံးပြုရန်အတွက် မြတ်နိဗ္ဗာန်ကို ရည်မှန်း၍ ရိုသေစွာ လှူဒါန်းခဲ့ကြပါသည်။

ဤကောင်းမှုကုသိုလ်ကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၆၈၅) ဗြဟ္မစိုရ်လမ်းနေ (ဦးမောင်မောင်) + ဒေါ်နွဲ့ တို့အား အမှူးထား၍ သမီးဖြစ်သူ ဒေါ်ခင်သီတာမျိုးနှင့် မောင်နှမများက ကျေးဇူးတော်ရှင် ဖားအောက်တောရ ဆရာတော်ဘုရားကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ဘုရားကြီးက ဖားအောက်တောရ မော်လမြိုင် (ပင်မ) တွင် ပရိယတ္တိစာချ/စာသင်ယူနေသော ပရိယတ္တိအဖွဲ့ဝင် ဆရာလေးများအား ဤစာသင်တိုက်ကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။

တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသော ဝါဆိုသီလရှင်အင်အား ဖားအောက်တောရ သီလရှင်စာသင်တိုက်တွင် ဝါဆိုဝါကပ်တော်မူကြသည့် သီလရှင်ဆရာလေးများ အရေအတွက်မှာ နှစ်စဉ် တိုးတက်စည်ကားလျက် ရှိပါသည်။

  • ၂၀၂၃ ခုနှစ်: ဝါဆိုသီလရှင် (၂၅) ပါး
  • ၂၀၂၄ ခုနှစ်: ဝါဆိုသီလရှင် (၃၅) ပါး
  • ၂၀၂၅ ခုနှစ်: ဝါဆိုသီလရှင် (၄၀) ပါး
  • ၂၀၂၆ ခုနှစ်: ဝါဆိုသီလရှင် (၆၀) ပါး (လက်ရှိ သီတင်းသုံးလျက်ရှိ)

ပရိယတ္တိစာမေးပွဲဆိုင်ရာ ထူးချွန်အောင်မြင်မှုများ

၂၀၂၅ ခုနှစ်တွင် သီလရှင်စာသင်တိုက်အတွက် ထူးခြားပြောင်မြောက်သော သာသနာပြုအောင်မြင်မှုများကို အောက်ပါအတိုင်း ဆွတ်ခူးနိုင်ခဲ့သည် –

  • အစိုးရပထမပြန်စာမေးပွဲ: မဆေကတရာထေရီသည် ပထမကြီးတန်းတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သဖြင့် နိုင်ငံတော်အစိုးရက “ပထမကျော်ဆု” ကို ဆက်ကပ်ပူဇော်ခဲ့ပါသည်။
  • သာမဏေကျော်စာဝါများ စတင်ပို့ချခြင်း: ၂၀၂၅ ခုနှစ်မှစတင်၍ သာမဏေကျော်စာဝါများကို ပို့ချခဲ့ရာ –
    • (၄၆) မိုင် ဖားအောက်တောရကျောင်းက ကြီးမှူးကျင်းပသော သီလဝတီလင်္ကာရအသင်းတွင် မဆေကတရာထေရီက (ပထမ) ဆု၊ မမောက္ခသမ္ပဒါက (ဒုတိယ) ဆုတို့ကို ရရှိခဲ့ကြသည်။
    • မော်လမြိုင်မြို့ ဆင်ဖြူအသင်းတွင် မဆေကတရာထေရီက (ပထမ) ဆု၊ မမောက္ခသမ္ပဒါက (တတိယ) ဆုတို့ကို ထပ်မံဆွတ်ခူးရရှိခဲ့ကြသည်။

သာသနာပြုလုပ်ငန်းများ အဆင်ပြေချောမွေ့ခြင်း

ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ဘုရားကြီး အမှူးပြုသော နာယကဆရာတော်များနှင့် နာယကသီလရှင်များ၏ စောင့်ရှောက်မှု၊ စာချ/စာသင် ဆရာကြီး၊ ဆရာလေးများ၏ စည်းလုံးညီညွတ်စွာ ကြိုးပမ်းအားထုတ်မှု၊ ပြည်တွင်း/ပြည်ပရှိ အလှူရှင်၊ ဒကာ၊ ဒကာမများ၏ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ပစ္စည်းလေးပါး (ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး) ထောက်ပံ့လှူဒါန်းမှုများကြောင့် ဖားအောက်တောရ သီလရှင်စာသင်တိုက်ရှိ ဆရာကြီး၊ ဆရာလေးများအားလုံး ပရိယတ္တိသာသနာ့လုပ်ငန်းများကို စိတ်အေးချမ်းသာစွာဖြင့် ကြိုးစားအားထုတ် သင်ယူလျက် ရှိကြပါသည်။

Pa-Auk Tawya Nun Education Centre (Hlegu)

History, Achievements, and Organization

Establishment and Donation History

On April 9, 2023, a meritorious donation was made to establish the Pa-Auk Tawya Nunnery Education Centre. Aspiring to attain the supreme bliss of Nibbana, the donors respectfully offered a 2-acre plot of land featuring a 4-story building (50 x 110 ft) and a 2-story refectory/kitchen building (40 x 60 ft).

Located in Kalitaw Village, Hlegu Township, Yangon Region, this grand contribution was donated to The Most Venerable Pa-Auk Tawya Sayadaw Gyi by Daw Khin Thida Myo and siblings, in dedication to their parents, (U Maung Maung) + Daw Nwe (residents of No. 685, Brahmaso Road, South Okkalapa Township, Yangon).

Following the donation, The Most Venerable Pa-Auk Tawya Sayadaw Gyi entrusted the management and preservation of this centre to the Pariyatti Department Nuns from the main Pa-Auk Tawya Monastery in Mawlamyine.

Annual Growth of the Nun Community

The number of resident nuns observing the Vassa (Rainy Season Retreat) at the centre has steadily grown each year:

  • 2023: 25 Nuns
  • 2024: 35 Nuns
  • 2025: 40 Nuns
  • 2026: 60 Nuns (Current Residence)

Outstanding Academic Achievements in Pariyatti

In 2025, the education centre achieved remarkable milestones in national Buddhist scriptural examinations:

National Government Pariyatti Exam: Ma Chekataratheri passed the Pathamagyi (Advanced) level with the highest score nationwide, earning her the prestigious “Pathamakyaw” Award presented by the government.

Launch of Samanegyaw Classes: Advanced Samanegyaw scriptural studies commenced in 2025, yielding exceptional results in local examinations:

Thilawadi Linkara Association Exam (organized by the 46-Mile Pa-Auk Tawya Branch): Ma Chekataratheri secured 1st Prize, and Ma Mokkhasampadā secured 2nd Prize.

Sinphyu Association Exam (Mawlamyine): Ma Chekataratheri 1st Prize, and Ma Mokkhasampadā won 3rd Prize.

Sustainable Management and Gratitude

Under the guidance and compassionate care of The Most Venerable Pa-Auk Tawya Sayadaw Gyi, the Patron Sayadaws, and the Patron Nuns—combined with the united, dedicated efforts of the teaching faculty and student nuns, and the generous support of local and international donors providing the Four Requisites (Food, Robes, Lodging, and Medicine)—the teachers and student nuns of the Pa-Auk Tawya Nun Education Centre are able to pursue their Pariyatti Buddhist studies peacefully and successfully.